Preschoolers Photogenic Competition (အလွဓါတ္ပံုၿပိဳင္ပြဲ)

MCTA:RVi Academy မှကြီးမှူး၍ အသက် (၃)နှစ်အရွယ် မှ
(၅)နှစ်အရွယ် သားသားမီးမီးများအတွက်
ပျော်ရွှင် စိတ်လှုပ်ရှားဖွယ်ကောင်းသော
“Preschoolers Photogenic Competition” ဆိုတဲ့
အလှဓါတ်ပုံပြိုင်ပွဲလေးကို စီစဉ်ပေးလိုက်ပါတယ်!စိတ်ပါဝင်စားသော ဖေဖေ၊ မေမေ များအနေဖြင့်
(၁) သားသားမီးမီးလေး၏ အလှဓါတ်ပုံ (၂)ပုံ
(မည်သည့် ကင်မရာ အမျိုးအစားနှင့် မဆို ရိုက်ကူးနိုင်ပါသည်။)
(၂) မိဘအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်
တို့ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် မှ ၁၈ ရက်နေ့ အထိ
MCTA:RVi Academy ၏ Page ChatBox သို့ပေးပို့ စာရင်းပေးသွင်းနိုင်ပါတယ်။ပေးပို့လာသော ပြိုင်ပွဲဝင်ဓါတ်ပုံများ အားလုံးကို ဆန်ကာတင် ရွေးချယ်သွားမှာ ဖြစ်ပြီး ရွေးချယ်ခံရသော ပြိုင်ပွဲဝင်များအနေဖြင့် MCTA Chapter 5 (International Pre-school) တွင် ပြန်လည် ဓါတ်ပုံရိုက်ကူးခြင်းနှင့် Register လုပ်ခြင်းကို ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။MCTA Chapter 5 တွင် ရိုက်ကူးထားသော ပြိုင်ပွဲများ၏ ဓါတ်ပုံများကို ဖေဖော်ဝါရီလ ၂၆ နေ့တွင် MCTA:RVi Academy ၏ facebook page တွင် ဖော်ပြပေးသွားမည်ဖြစ်ပြီး ဖေဖော်ဝါရီ လ ၂၆ ရက်နေ့ မှ မတ်လ ၄ ရက်နေ့အထိ “Like” အရေအတွက်ဖြင့် “Voting” မဲ ပေးရမည်ဖြစ်ပါသည်။အသက်အရွယ်အလိုက် “Like” အများဆုံးရရှိသူ သုံးဦး (၃နှစ်၊ ၄နှစ်၊ ၅နှစ်) ကို ကျပ် ၂ သိန်းစီ ချီးမြှင့်သွားမည် ဖြစ်ပါသည်။အသက်အရွယ်အသီးသီးအတွက် နှစ်သိမ့်ဆုများကိုလည်း MCTA ၏ partner sponsor company များမှ ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးသွားမှာ ဖြစ်သလို ဆုရရှိသူများကို MCTA:RVi Academy Facebook Page တွင်ကြေငြာပေးသွားမှာပဲ ဖြစ်ပါတယ်။
(အသေးစိတ်ကို ထပ်မံ ဖော်ပြပေးသွားပါမည်။)

စည်းကမ်းချက်များအနေဖြင့်
* * * * * * * * * * * *
(၁) MCTA:RVi Academy Facebook Page ကို
Like လုပ်ထားရပါမယ်။
(၂) ယခု post ကို #MCTA #PreschoolersPhotogenicCompetition ဟု hash tag ထည့်၍ Share ပေးရပါမယ်။
(၃) Share ထားသော post ကို Screen Shoot ရိုက်၍
အလှဓါတ်ပုံ (၂)ပုံ နှင့်အတူ MCTA Facebook Page သို့ ပေးပို့ပေးရမှာပဲ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ လ ၁၈ ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့ရမှာမို့လို့ အခုပဲပြင်ဆင်ပြီး ဓာတ်ပုံလှလှလေးတွေ ရိုက်လိုက်တော့နော်။

#MCTA #PreschoolersPhotogenicCompetition

 in News
%d bloggers like this: