Study Overseas & Career Fair 2018

“နိုင်ငံတကာပညာရေးနှင့် အလုပ်အကိုင်ပြပွဲကြီး”

RVi Institute မှကြီးမှူး၍ နှစ်စဉ်ကျင်းပမြဲဖြစ်သော နိုင်ငံတကာပညာရေးနှင့် အလုပ်အကိုင်ပြပွဲကြီး ကို ၂၀၁၈ ခုနှစ်၊ ဇွန်လ(၉)ရက် နေ့တွင် မန္တလေးမြို့၌ လည်းကောင်း၊ ဇွန်လ(၁၀)ရက်နေ့တွင် ရန်ကုန်မြို့၌် လည်းကောင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

ပါဝင်ကျင်းပမည့်ကျောင်းများ
* * * * * * * * * * * *
– RVi Institute နှင့် ချိတ်ဆက်ထားသော စင်ကာပူအစိုးရ ကျောင်းများ

– နိုင်ငံတကာ အသိမှတ်ပြု ပုဂ္ဂလိကတက္ကသိုလ်များ

– UK အခြေဆိုက် ထိပ်တန်း တက္ကသိုလ်များ

တက်ရောက်သင့်သူများ
* * * * * * * * * * *
– မြန်မာနိုင်ငံရှိ တက္ကသိုလ်ဝင်တန်းဖြေဆိုထားသော ကျောင်းသား/ကျောင်းသူများ

– တက္ကသိုလ် ဝင်တန်း အောင်မြင်ပြီး တက္ကသိုလ်တက်ရောက်နေသော ကျောင်းသား/ကျောင်းသူများ

– HND (Higher National Diploma) ပြီးဆုံး အောင်မြင်ထားသူများ

– BE ဘွဲ့ရထားပြီး ဘွဲ့လွန်သင်တန်း တက်ရောက်ချင်သော ကျောင်းသား/ကျောင်းသူများ

ဘာတွေဆွေးနွေးပေးမှာလဲ?
* * * * * * * * * * * *
– စင်ကာပူပညာရေးကို စိတ်ဝင်စားသော မိဘများနှင့် ကျောင်းသူကျောင်းသားများ အတွက် Singapore International School: RVi Academy ၏ ကျောင်းဝင်ခွင့် နှင့် ကျောင်းလှုပ်ရှားမှုများ၊

– စင်္ကာပူအစိုးရကျောင်းများဖြစ်သည့် Polytechnics နှင့် BCA Academy တို့၏ ကျောင်းဝင်ခွင့် သတ်မှတ်ချက်များ နှင့် ကျောင်းလျှောက်ထားမှုများ၊

– ပုဂ္ဂလိက Universities ၏ ကျောင်းဝင်ခွင့်များ၊ စသည်တို့ကို ဆွေးနွေးပေးမည် ဖြစ်ပါသည်။

ဘာတွေလိုအပ်ပါသလဲ?
* * * * * * * * * *
ကျောင်းလျှောက်ထားမည့်သူများသည် ပညာအရည်အချင်း အထောက်အထား စာရွက်စာတမ်းများ ယူဆောင်လာရမည်ဖြစ်သည်။

ရရှိမည့် အခွင့်အရေးများ
* * * * * * * * * *
– ကျောင်းတာဝန်ခံ ကိုယ်စားလှယ်များနှင့် တစ်ဦးချင်း တိုက်ရိုက်ဆွေးနွေးနိုင်ခြင်း

– ပွဲတွင်ကျောင်းလျှောက်ထားသူများအတွက် လေယာဉ်လက်မှတ်ကို ပေးအပ်ချီးမြှင့်သွားရန် စီစဉ်ထားခြင်း

– စင်ကာပူ အစိုးရကျောင်းများ၏ ဝင်ခွင့်စာမေးပွဲ ပြင်ဆင်ခွင့်သင်တန်းကို တက်ရောက်မည့် ကျောင်းသား/ ကျောင်းသူများအတွက် ပညာသင်ဆုများကို ပေးအပ်သွားမည့်အစီစဉ်များရှိခြင်း

– Scholarships Test များကို လွယ်ကူစွာ ဖြေဆိုနိုင်ရန် စီစဉ်ထားရှိခြင်း (အရေအတွက် အကန့်အသတ် ရှိပါသည်။)

မှတ်ချက်။ ။ ပြပွဲနေ့တွင် လာရောက်လေ့လာမည့်သူများ အတွက် Welcome Gifts များလည်း ပေးအပ်သွားမည်ဖြစ်ပါသည်။

ကံစမ်းမဲ လက်ဆောင်တွေကို အောက်ဖော်ပြပါ link မှာ ကြိုတင်စာရင်း
ပေးပြီး ရယူလိုက်နော်!

http://www.rvgroup.com.sg/?page_id=67

ကံစမ်းမဲလက်ဆောင်များကတော့
* * * * * * * * * * * * * *
One Return Ticket to Singapore from Yangon
One Return Ticket to Bangkok from Yangon,
Cash Voucher from City Mart တို့ပဲဖြစ်ပါတယ်။

ပွဲကျင်းပမည့်နေ့ ။ ။ ဇွန်လ (၉)ရက်၊ စနေနေ့

ပွဲကျင်းပမည့်နေရာ ။ ။ မန္တလေးမြို့၊ Hilton Mandalay Hotel (Moat Bar and Grill Restaurant)

ပွဲကျင်းပမည့်အချိန် ။ ။ မနက်(၁၀)နာရီ မှ နေ့လည်(၁)နာရီအထိ

စာရင်းပေးသွင်းလိုပါက:

MCTA:RVi Academy Corner of 53rd & 37th Street 09-2011406, 02-73325, 73326, 73328 တို့ကိုဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

 in News
%d bloggers like this: